Thursday, August 19, 2010

. .

Jinghpaw Ramma Ni A Lam Masha Langai Ndai Hku Tsun Ai, Jaw Ai Njaw Ai Hpe Htisawn Yu ga.

♥♥♥
အချို့လူပျိုအပျိုတွေက အိမ်နောက်ဖေးမှာ ရှိတဲ့ စပါးကျီမှာ ချစ်တင်း နှောတတ်ကြပါတယ်။ တချို့ရွာမှာ ချစ်ဗိမ္မာန်လို့ခေါ်တဲ့ တဲလေးတွေ ဆောက်ထားတတ်တယ်။ အဲဒီတဲလေးတွေက ရွာနဲ့တော်တော် ဝေးတော့ လူကြီး မိဘတွေ မျက်စိရှက်စရာမလိုပါဘူး။ အဲဒီတဲလေးမှာ ချစ်သူတွေ ချိန်းတွေ့ကြ၊ သီချင်းလေးတွေ ဆိုကြ၊ ပုံတိုပတ်စလေးတွေ ပြောတတ်ကြပါတယ်။ တစ်ညလုံး ကိုယ်ထိလ က်ရောက် ချစ်တင်းနှောလို့ရပြီး မိုးလင်းတော့မှပဲ အိမ်ပြန်ကြတယ်။ မိန်းကလေး တစ်ယောက်က ယောက်ျားလေး နှစ်ယောက် သုံးယောက်ကို ပြိုင်တူထားလို့ရပြီး အပျိုစစ် လူပျိုစစ် ဆိုတာ ဦးစား မပေးကြတော့ဘူး။ ကိုယ်နှစ်သက်တဲ့ သူတွေ့ရင်တော့ ပစ္စည်းတစ်ခုခု အလဲအလှယ် လက်ဆောင်လုပ်ရတယ်။ မိန်းကလေးဆိုရင် ဘီး။ ယောက်ျားလေးဆို ခေါင်းပေါင်းပေါ့။ လက်ဆောင်လဲတဲ့ အမှတ်အသားက စေ့စပ်ခြင်းပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ကတိ ထားတဲ့ အနေနဲ့ ၀ါးခြမ်းကို ဓါးနဲ့ သင်္ကေတထစ်၊ နှစ်ခြမ်း ပိုင်းပြီး ကာလသားခေါင်းနှင့် ကာလသမီးခေါင်းတို့ဆီမှာ အပ်ရတယ်။ တခါတလေ ရည်းစား အချင်းချင်း သိမ်းထားတတ်ကြပါတယ်။ ရည်းစားချင်း ပြတ်ဆဲပြီ ဆိုပါက လူကြီးနှစ်ဦး သုံးဦးကိုဖိတ်၊ ခေါင်ရည် ကြက်သားနဲ့ ဧည့်ခံပြီး ယောက်ျားလေးက အသိ သက်သေထားပြီး မိန်းကလေးကို သူနဲ့ ပါတ်သက်ပြီး ကိုယ်ဝန် ရှိမရှိ မေးပါတယ်။ မရှိဘူးဆိုရင် တရားဝန် ပြတ်ဆဲပါတယ်။ခြေလွန်လက်လွန်ဖြစ်လို့ ကိုယ်ဝန်ရှိခဲ့လျင်လည်း အပျိုမလေးမျက်နှာမြင်ဖို့ လူပျိုဘက်က တာဝန် ယူရပါတယ်။ လူပျိုအိမ်မှာပဲ ကလေးမွေးဖွားရတယ်။ မိန်းကလေးဖက်ကို ယောက်ျားလေးဘက်က ကျွဲနွားစသည်ဖြင့် လျော်ကြေးပေးရပြန်ပါတယ်။ လျော်ကြေး မပေးနိုင်ဘူးဆိုလျင်ဖြင့် မိန်းကလေးကို တရားဝန် ယူရပါတယ်။ ကလေးကိုလည်း ယောက်ျားလေးဘက်က တာဝန်ယူရပါတယ်။ မယူလျင် ကလေး အတွက် လျော်ကြေး ထပ်ပေးရပြန်ပါတယ်။ လျော်ကြေးမပေးဘူးဆိုလျင် မိန်းကလေး ဘက်က ကြွေးထိုင်ပါတယ်။ ကြွေးထိုင်တာ မပြေလည်ဘူးဆိုလျင်ဖြင့် နှစ်ဘက်ဆွေမျိုးသားချင်း အကုန်လုံး ရန်ပွဲတွေ ဖြစ်ကြပါတော့တယ်။ မိန်းကလေးဘက်က ကလေး တစ်ယောက်နဲ့ ကျန်ခဲ့တယ် ထားဦး။ ထိုက်သင့်တဲ့ လျော်ကြေးရလျင်ဖြင့် ထိုမိန်းကလေးရဲ့ ဂုဏ်သိက္ခာက တစ်စွန်း တစ်စမှ မပဲ့ပါဘူး။ မျက်နှာလည်း မပျက်ပါဘူး။ များသောအားဖြင့် နေရာတိုင်းမှာ ယောကျာ်း ကြီးစိုးတဲ့ နေရာတွေ ဖြစ်နေပေမယ့် ကချင် ဒေသလေးမှာတော့ အမျိုးသမီးများက သူ့အဆင့် အတန်းနဲ့သူ နေရာရကြပါတယ်။ တကယ်တော့ ကချင်လူမျိုးတွေ အကြောင်း လေ့လာရင် ကုန်နိုင်မယ် မထင်ပါဘူး။ မင်္ဂလာပွဲနဲ့ ဈာပနပွဲကအစ၊ မနောပွဲကအဆုံး စိတ်ဝင်စားစရာ ကောင်းတာလေးတွေနဲ့ ပြည့်နှက်နေပါတော့တယ်။ တချိန်ချိန်မှာ ကမ္ဘာက ကချင်အကြောင်း သိအောင် ထားပါဦး၊ ကိုယ့်မြန်မာပြည် အတွင်းမှာတင် ကိုယ့်လူမျိုး အချင်းချင်း သိအောင်လုပ်ဖို့ အများကြီး လိုပါသေးတယ်လို့ ထင်မိပါတယ်။
သက်ပိုင်သူ၊ ဘလော်ဂါ
thetpaingthu.com၊ ဧပြီ ၆
Ndai kaw mung mai hti ai
ndai kaw dip u

 ---------------------------------------
Ndai laika hte seng nna myushayi langai hte ndai hku dangrang hkat ai hpe mu lu ai
မောင်လေး စာ က မှားတယ် မှားတယ် မပြော လိုဘူး၊ ရှေးဆိုတာ က ကိုယ်ရောက်ဖူးတာ မဟုတ်ဘူး မောင်လေးတင်ထားတာ က တော် တော် အမြင်စောင်းစေပါတယ်။ ဒါကြောင့်ဖျက်ပေးပါ၊ နား မလည် တဲ့လူတွေဖတ် မိရင် ကချင်တွေက ဒီလိုဘဲ လား ခု မှ ဘာ ဖြစ်တယ် ညာ ဖြစ်တယ် ပြော စရာ မဖြစ်ဘူးလား။ မောင်လေးက စိတ်ဝင်စားလို့တင်လိုက်တာ မှန်တယ်၊ ကိုယ့် စာ က သူ များ အမြင်တိမ်းစောင်းမဲ့ အဖြစ်မျိုးမရောက်စေချင်ဘူး။ အမ ရှည် ရှည်ဝေးဝေး မပြော လိုတော့ ဘူး။ အမ တစ်ခုပို့ပေးလိုက်မယ် မောင်လေးလဲ ဖတ်ကြည့်ပေါ့ ဗမာ တွေတိုင်းရင်းသားပေါ်ဘယ်လို သဘော ထားလဲ ဆို တာ ကို http://uniqeblessingmai.blogspot.com/

သခင်ကိုယ်တော်မှိုင်းသေတမ်းစာတဲ့ စဉ်းစားကြည့်နော် အရင်အတိတ် က လူ မျိုးတွေအကြောင်းလိုက်ပြော နေမယ်ဆို ရင် ကျောက်ခေတ်က ရော ဘယ်လို နေမလဲ ? ဗမာတွေရဲ့ ယဉ်ကျေးမှူ့ က ရော ယိုးဒယားယဉ်ကျေးမှူ့ ကို ခိုးချထားတာ တွေ လိုက်ပြော နေပြောမယ် ဆိုရင် မောင်လေး ......... အမေ ပြချင် တာ သဘော ပေါက်မှာ ပါ။ ဖတ်မိတဲ့ ကချင်မိန်းခလေးတိုင်းက တော်တော် စိတ် မကောင်းနေဘူး အမကို ဒီဘလော့လေး ပေးပြီးမှ အမ သိရတာ။ ဘာ ရည်ရွယ် ချက်လဲ တော့ မသိဘူးပေါ့။ တိုင်းရင်းသားတွေနဲ့ ဗမာ တွေရဲ့ ဆက်ဆံ ရေး ကောင်းမွန်စေချင်တော့ ဖျက်လိုက် ပါ မောင်လေး၊ အမ တောင်းဆို တယ်။ အားလုံး အတွက် အဖက်ဖက် က စဉ်းစားတယ်၊ နောက်ဖတ်မိတဲ့ လူ ရှိရင် ရော အမ တော့ မခံစားနိုင်ဘူး။

နားလည် ပေးမယ်လို့ မျှော် လျင့် လျှက်

မိုင်းမိုင်
ကချင်မ
-------------------------------------------

မမိုင်းမိုင်..


ကျွန်တော် ကချင်ယဉ်ကျေးမှုအကြောင်းကို သိပ်နားမလည်သေးဘူးဆိုတာ ၀န်ခံပါတယ်။ မိုင်းမိုင်အနေနဲ့ ကျွန်တော်ရေးထားတဲ့ စာကို သေချာဖတ်ကြည့်စေချင်ပါသေးတယ်။ ကျွန်တော်မှီငြမ်းရေးထားတဲ့ အချိန်ခေတ်ကာလကလည်း အခုခေတ်ကာလကို ရေးထားတာမဟုတ်ပါဘူး။ ယခုခေတ်ကချင်လူမျိုးတွေနဲ့ ရှေးခေတ်ကချင်လူမျိုးတွေ အတော့်ကို ကွာခြားနေပါပြီ။မှီငြမ်းအနေနဲ့ ပြောရရင်တော့ နတ်နွယ်ရဲ့ မြန်မာပြည်မြောက်ပိုင်းဝတ္ထုရှည်ကို ပြောပြချင်ပါတယ်။ ဒီဝတ္ထုက ကချင်လူမျိုးတွေ အကြောင်းရေးထားတဲ့ ၀တ္ထုပါ။ ဒီဝတ္ထုဖြစ်လာဖို့ ဆရာနတ်နွယ်ကိုယ်တိုင် အများကြီး လေ့လာသုတေသနပြုခဲ့ပါတယ်။ မြန်မာရသစာပေမှာလည်း ဂန္ထ၀င်စာပေထဲမှာ တလေးတစားထည့်ထားတဲ့ ၀တ္ထုပါ။ အကယ်၍သာဆရာနတ်နွယ်ရဲ့ စိတ်ကူးယဉ်မှုတွေက အမှန်တကယ်မဟုတ်ခဲ့ဘူးဆိုရင်.. မြန်မာစာပေလောကမှာ နှစ်ပေါင်းများစွာာ နေရာယူထားနိုင်မှာ မဟုတ်သလို၊ အကြိမ်ကြိမ်ပုံနှိပ်ခွင့်လည်းရှိမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်း ကျွန်တော်ကောက်နုတ်ရေးထားတဲ့ ကချင်လူမျိုးတွေဓလေ့အကြောင်းနဲ့၊ ဗမာ၊ကချင်၊ရှမ်းလူမျိုးအချင်းချင်း အမြင်စောင်းတာတွေပါနေလို့ပါ။နောက်တစ်အုပ်အနေနဲ့ကတော့ ဆရာဦးမင်းနိုင်ရေးတဲ့ သွေးချင်းတို့ပျော်သည့်မြေ စာအုပ်ပဲ ဖြစ်ပါတယ်။ ကချင်လူမျိုးစုတွေအကြောင်းရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်နဲ့ ၁၉၆၃မှာ စာပေဗိမာန်အနုပညာစာပေဆုပြိုင်ပွဲ၊ အနုပညာစာပေ(တတိယဆု)ကို ရရှိခဲ့ပါတယ်။ ဆရာဦးမင်းနိုင်က ကချင်လူမျိုးတွေအကြောင်းသာမကပါဘူး၊ ပလောင်လူမျိုး၊ ရခိုင်လူမျိုး၊ မနောစတဲ့ တိုင်းရင်းသားအကြောင်းတွေလည်း ရေးခဲ့ပါတယ်။ နောက်ပြီး ၁၉၆၂ခုနှစ်မှာလည်း ယူနက်စကိုက ချီးမြင့်တဲ့ အမျိုးသားစာပေဆုလည်း ရခဲ့ပါသေးတယ်။ ဒီလို ပြည်သူ့အကျိုးပြု၊ တိုင်းရင်းသားဓလေ့တွေကို လေ့လာခဲ့တဲ့ဆရာကြီးအနေနဲ့ ကချင်လူမျိုးများအကြောင်းကို ပြီးစလွယ်မရေးဘူးလို့ထင်ပါတယ်။
နောက်ပြီး ကချင်ပြည်နယ်ကို ကျွန်တော်မရောက်ဖူးပေမယ့် မြန်မာပြည်မှာတင်မကပါဘူး။ ယခုလက်၇ှိနေနေတဲ့ စကာင်္ပူမှာပါ ကချင်လူမျိုးတွေနဲ့ အတူတူနေဖူးပါတယ်။ ကျွန်တော့်ဖေဖေက ကချင်ပြည်နယ် ပူတာအိုမှာ ၁၉၈၇ကနေ၁၉၈၉ခုနှစ်အထိ အထက်တန်းကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။ အဲဒီတော့ တချို့ကချင်လူမျိုးတွေ ရန်ကုန်ရောက်ရင် ကျွန်တော့်အိမ်မှာ တည်းကြပါတယ်။ သူတို့ဆီကနေတဆင့် ကချင်လူမျိုးတွေအကြောင်း နားစွန်နားဖျားကြားဖူးတာလေးတွေ ကျွန်တော်အသက် ၉နှစ် ၁၀နှစ်လောက်မှာ ကြားခဲ့ဖူးပါတယ်။

ကျွန်တော့်အနေနဲ့ ဒီစာကမှားခဲ့မယ်ဆိုရင် ချက်ချင်းပယ်ဖျက်ပေးဖို့ ၀န်မလေးပါဘူးဗျာ။

လေးစားစွာဖြင့်

သက်ပိုင်သူ
---------------------

ဒီစာ နဲ့ ပတ်သက်ပြီးပြောချင်ပါတယ်

မောင်လေးကချင် ယဉ်ကျေးမှူ့ ဓလေ့ထုံးတမ်းစဉ်လာ အကြောင်းဘယ်လောက်သိနားလည် လို့ ဒီလို ကွက်ပြီးရေးတာ လ။ဲ သူများယဉ်ကျေးမှူ့ ဓလေ့ထုံးစံကို မသိနားမလည် ရင် မရေးပါ နဲ့၊ နောက်ပြီး ကောင်မလေးကို ယူချင်ရင် သူ ယူရတဲ့ အမျိုးဆီမှာ မွေးစားခံရင် တယ် ဆို တာ မျိုးတွေ၊ အကို သေရင် ညီယူရတယ် ဆို တာ ဘာ ကြောင့် ဆိုတာ တွေကို ကော မောင်လေးရှင်းပြနိုင်မလား၊ ကိုယ် တင် လိုက် တဲ့ စာ က သူ တပါး အမြင် တိမ်းစောင်းသွားရင် တာ ၀န်ယူဖြေရှင်းနိုင်လောက်အောင် ကိုးကားချက်တွေရှာ ထားလား ဒီကိစ္စနဲ့ ပတ်သက် ပြီးမောင်လေးကို ယဉ်ကျေးမှူ့ အရ ကြွေးထိုင်လို့ရတယ်၊ ဒါကို ကော သဘော ပေါက်လား ။စာရေးတယ် ဆို တာ က ရည် ရွယ် ချက် ရှိရတယ် သိလား ခု တင်ထားတာ ဖတ်မိတဲ့လူုတွေ အမြင်တိမ်းစောင်းစေတဲ့ အတွက်

ကချင် အမျိုးသမီးအားလုံးကိုယ်စား တောင်းဆို ပါတယ် ဒီစာ ကို အမြန်ရုပ်သိမ်းပေးပါ။

မိုင်းမိုင်





No comments:

Post a Comment