Monday, August 9, 2010

. .

Jinghpaw mung na sam ni a lam

♥♥♥
အဖွားပြောသောသမိုင်းပုံပြင်နှင့် ကျမ မသက်ဇင် (၁)

ကျမ ရဲ့ မွေးရပ် ဇာတိ က ကချင်ပြည်နယ် မိုးညှင်း နန်းမား ပါ။ ကျမ ရဲ့ အဖွား အဖေ့ရဲ့ မိခင်က နန်းမားသူ ရှမ်း ဗမာပါ။ အသက်၉၀ နီးပါး အထိ အသက်ရှည်ရှည် နေခဲ့ရတယ်။ နောက် အဖွားတယောက် အမေ့ ရဲ့ မိခင် က တော့ ကချင်ပြည်နယ် မိုးကောင်း မှာ နေတယ်။ အဖွားနှစ်ယောက်လုံး က ရှမ်းဗမာတွေပါ။ ကျမ အလွန်ငယ် စဉ် က အဖွား တွေထံ တယောက်တလှည့်စီ သွားနေရင်း ညတိုင်း ပုံပြော ကောင်းတဲ့ အဖွားတို့ နဲ့ နေခဲ့ ရတဲ့ ငယ် စဉ် ဘ၀တွေ ကို ယခု ချိန် ထိ တ သသ နဲ့ လွမ်း မောမဆုံး ပါဘူး။ပုဂံခေတ် မတိုင်မှီ က ယခု ကချင်ပြည်နယ် လို့ ခေါ်တဲ့ မိုးညှင်း ၊ မိုးကောင်းမြို့ တွေဟာ ရှေးခေတ်ရှမ်း စော်ဘွား  များအုပ်ချုပ်ခဲ့ တဲ့ ရှမ်းနယ်တွေပေါ့ လို့ အဖွားက လွမ်းလွမ်း ဆွတ် ဆွတ်နဲ့ ဘိုးဘေး ဘီဘင်တွေ အကြောင်း။ ချစ်ခြင်း မေတ္တာ တွေ အကြောင်း။ ကြေ ကွဲ လွမ်းဆွတ် ဖွယ်ရာ ချစ်သူတို့  အကြောင်း ပုံပြင်တွေ ကို ညအိပ်ရာ ၀င်တိုင်း အဖွားတွေ ဆီ က ကျမ မရိုး နိုင် အောင်ကြားခဲ့ရပါတယ်။

မိုးကောင်းကအဖွားရဲ့ခင်ပွန်း ကျမအဖိုး က မန္တလေးသား စစ်စစ်၊ အရပ် အမောင်း မြင့်မားပြီး ပေါင်မှာ   ထိုး ကွင်း  မှင်ကြောင်တွေ နဲ့ ဗမာ စစ်စစ်၊ မိုးကောင်း က ရှမ်းဗမာ အဖွားနဲ့ ရေစက်ဆုံတော့ အဖိုးအဖွား တို့ ရဲ့ မျိုးဆက် ကျမတို့  တတွေ ဟာ ရှမ်းဗမာ ကပြားတွေဖြစ်လာ ခဲ့ကြပါတယ်။ အဖေ့ မိခင် မိုးညှင်းနန်းမားသူ အဖွား က လည်း ရှမ်းဗမာ အဖိုးနဲ့ရေ စက်ဆုံခဲ့ပြီး။ မသက်ဇင် တို့ ဖခင် ကို မွေးဖွား ကာ ဆွေစဉ် မျိုးဆက် မိရိုး ဖလာ ထေ ရ ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ် တွေဖြစ်ပါ တယ်။

ကချင်ပြည်နယ် အဖြစ် သတ်မှတ်တာ ကတော့ မန္တလေး က နေ မြစ်ကြီးနားဘက် ကို ရထားစီး လာရင် နန့်စီး အောင် ဘူတာနား ချောင်း တဘက် ကနေစ ပြီး ကချင်ပြည်နယ် လို့ သတ်မှတ် ခေါ်ဝေါ်ပါတယ်။ မီးရထား သံ လမ်းရိုး တလျှောက်လုံး မှာ ရှိတဲ့ မြို့  ရွာ တွေ အားလုံး နီးပါးဟာ မသက်ဇင် တို့ ဘိုးဘွား ဘီဘင်တွေ ဖြစ်တဲ့ ရှမ်းနီ ၊ ရှမ်း ဗမာတွေ ပဲ နေထိုင်ကြ တာ ပါ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ်ထွန်း ကား ရာ နယ်မြေနဲ့ စိုက်ပျိုးရေး ကို အခြေခံ လုပ်ကိုင် စားသောက်ကြ ပါတယ်။

ကဲ့ စာ ရှည် သွားပြီ ၊ ကချင်ပြည် နယ် က မသက်ဇင် တို့  ဇာတိမြေ အကြောင်း ကို နောက်များ မှ ဆက် ရေး ပါ့မယ်။ မသက်ဇင် ရေ့ ဘယ်ဇာတိလဲ့ လို့ မေး လာရင် ကချင်ပြည် နယ် က ပါ လို့ ဖြေမှာ ပေါ့နော်။ အဲဒီ တော့ မေး သူ က ကချင်ပြည် က ကချင်မလေး ဒါမှ မဟုတ် ဂျိန်းဖော သူ လို့ မသက်ဇင် ကို သတ်မှတ် မှာ လား။

ဘယ် လို တိုင်းရင်းသူ လေးပဲ ဖြစ်ပါစေ။ ကျမတို့ ရဲ့ မြန်မာပြည် ဖြစ်တဲ့ အိမ်ကြီးတလုံး ထဲ မှာ ကျမတို့  အား လုံး ဟာ ချစ် ချစ် ခင် ခင် နဲ့ ယုံကြည် ရာ ကို လွတ် လပ်စွာ ကိုးကွယ်ပြီး ခိုင်မာ တောင့်တင်း တဲ့ ဒီမို ကရေ စီအိမ် ကြီး တလုံး ကို ညီ ညွတ်စွာ တည် ဆောက် နိုင် လိမ့် မယ် လို့ မျှော်လင့်မိ ပါတယ်။

ပုဂံခေတ် မတိုင် မှီ ရှေးပဝေသဏီ ရာစုနှစ် ပေါင်း များစွာ ထဲ က ပင် ရှမ်း လူမျိုးများ ဟာ မြန်မာ နိုင်ငံထဲ ကို စ တင် အ ခြေ ချ ခဲ့ပြီး ဖြစ် တယ်။ ယနေ့ ခေတ် ကချင်ပြည် နယ် လို့ သတ် မှတ် ခေါ်ဝေါ် နေတဲ့ မိုးညှင်း ၊ မိုး ကောင်း စ တဲ့ ထင်ရှား သော မြို့ ကြီး များ ဟာ ရှမ်း အခေါ် အဝေါ် များ ဖြစ် တယ် ဗန်းမော် ၊ ကသာနယ် များ နဲ့ ကချင် ပြည်နယ် က မီးရထား သံလမ်း ရိုး လွင်ပြင် မြို့ လေး များ ဟာ ရှမ်းလူမျိုးတွေရဲ့ သမိုင်း ၀င် အထောက် အထား နဲ့ အ ချက် အ လက် များစွာ ရှိ ခဲ့တယ်။ ပုဂံ ခေတ် မတိုင်မှီ အထိအနောက်  တိဗက် အနွယ်ဝင် များဖြစ်တဲ့ ဂျိန်းဖေါ ခေါ် ကချင်လူမျိုးများ ဟာ မြန်မာနိုင်ငံ ထဲကို ၀င် ရောက် ခြင်း မပြု ကြ သေးဘူး။

အချို့  သမိုင်းပညာ ရှင်များ က ရှမ်းလူမျိုးစုများဟာ ပုဂံ ခေတ် မတိုင်မှီ က ပင် ရွှေဘို နှင့် မုံရွာ အထိ ပင် ပြန့့် နှံ့ဝင် ရောက် နေကြပြီ ဟု ယူဆကြတယ်။ မြန်မာနိုင်ငံ သမိုင်း စာအုပ်တအုပ် ကို ရေးသား ခဲ့တဲ့ ဂျီ အီး ဟာဗီကူမြန်မာ ရာဇ၀င် ဟောင်း များ ၌ တခန်း တနား ရေး သား ဖေါ်ပြကြ သည့် တကောင်း ပြည်ကြီး ဟာ ရှမ်းလူမျိုးများနှင့် သာလျှင် သက်ဆိုင်ဘွယ်ရာ ရှိတယ်လို့သူ့ စာအုပ်မှာ ဖေါ်ပြ ထားတယ်။

မွန် ၊ ရှမ်း ၊ ရခိုင် လူမျိုး များ ရာစုနှစ် များစွာ က ပင် အခြေချ နေ ထိုင် ကာ ယဉ်ကျေးမှု ထွန်းကားပြီး မှ မြန်မာ လူမျိုး များ ဟာ မြန်မာ နိုင်ငံ အတွင်း ကို ၀င် ရောက် လာ ကြ ခြင်း ဖြစ်တယ်။ မြန်မာ လူမျိုး များမြန်မာ နိုင်ငံ အ တွင်းသို့  ၀င်ရောက် နေထိုင် ခြင်း မပြု မီ က တရုတ်ပြည် ယူနန်နယ် မှာ နန်ချိုရှမ်း လူမျိုး များ နဲ့ နှစ်အ တန်ကြာ အတူ တကွ နေထိုင် လာခဲ့ကြ တယ်။ သူ့ ခေတ် နှင့် သူ့ အခါ ဖွံ့ ဖြိုး ထွန်းကား နေ ပြီဖြစ် သည့် ရှမ်းတို့ ထံ က မြန်မာတို့  ဟာ စိုက် ပျိုး ရေး ၊ ကုန်ထုတ်လုပ်ငန်း အတွေ့ အကြုံများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး ၊ ယဉ် ကျေးမှု ဆိုင်ရာ အတွေ့ အကြုံများ ကို ဆက်ခံ ရရှိ ထားခဲ့ကြတယ်။

မြန်မာနိုင်ငံထဲကို မြန်မာများ ၀င်ရောက်ပြီး သက္ကရာဇ် ၈၄၉ ခုနှစ် တွင် ပုဂံမြို့  အား စတင် တည် ထောင် တဲ့ ပျဉ်ပြားမင်း လက်ထက် မတိုင်မှီ နှစ် အတန်ကြာ က မြန်မာ လူမျိုးများ ဟာ ကျောက်ဆည် မိတ္တိ လာ ရမည်းသင်း စစ်ကိုင်း မင်းဘူး နှင့်မြင်းခြံနယ် များ တွင် ရေ သွင်း စိုက် ပျိုးရေး များ အတော်အခြေ ချ စိုက်ပြီးခဲ့ကြောင်း တွေ့ရှိရ တယ်။ မင်းဘူးနယ် က မုံးနှင့် မန်း ဆည် ၊ ကျောက်ဆည်နယ် မှ အချို့  သော ဆည် များ မိတ္တီလာကန်နှင့် ရမည်းသင်း ၊ သာစည်မှ မင်းလှကန် စသည့် ရေသွင်း စိုက်ပျိုးရေး အတွက် ကုန်လုပ် ကရိယာများ ဟာ အနော်ရ ထာမင်း လက်ထက် မတိုင်မီ က ပင် ရှိနှင့် ခဲ့ကြောင်း သမိုင်း ပညာရှင် များ က လက်ခံ အ တည်ပြု ထားကြတယ်။ မြန်မာတို့  ထက် အ ရင် ဦး စွာ ကျသည့် ပျူလူမျိုးများ ဟာ ရေသွင်း စိုက် ပျိုး ရေး ကုန် ထုတ်လုပ်ငန်း များ ၊ ထူထောင်ကြောင်း သမိုင်းဝင် အထောက်အထား များ မတွေ့ ရှိ ရဘူး။
အဖွား က ပြောတယ် အဖွား ပုံ ပြောတဲ့ အချိန်မှာ မျက်လုံးမှိတ် ထားပြီး မိမိကိုယ် ကို ငှက် ကလေး တ ကောင် လို သဘောထား ကာ ဟို့း့  အဝေး မှာ မြင်နေရတဲ့ တောင်ပြာ တန်းကြီး တွေပေါ်ပျံ သန်း သလိုခံစားပြီး နားထောင်နော်တဲ့။ အဖွား ပြော တဲ့ အတိုင်း ကျမ မျက်လုံးမှိတ်ပြီး နားထောင်ကြည့် ပါတယ်။ မ ယုံ ရင် မျက် လုံးမှိတ်ပြီး ပုံပြောကောင်းသူဆီ မှာနားထောင် ကြည့်ပါလား။ ကဲ မျက်လုံးမှိတ်တော့နော့့် စ ပြောပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးရာကျော်လောက် က မိုးကောင်းနယ်ကြီး ကို အုပ်ချုပ် တဲ့ မိုးကောင်း စော်ဘွားကြီး မှာ အင်မတန် ချောမောလှပ တဲ့ စောမွန်လှလို့ ခေါ်တဲ့ သမီး တော်လေး တပါးရှိ တယ်။ စောမွန်လှ ရှမ်း မင်း သမီး လေး ဟာ ဘယ်လောက်များ လှသလဲ ဆိုရင် ဆင်စွယ် ရောင်လို အ သား အရည်ဖြူဖွေးပြီး နက်မှောင် သန်စွမ်း တဲ့ ဆံပင်ရှည်တွေ ဟာ ခေါင်းလျှော်ပြီးဖြန့် ချထား ရင် မြေကြီး ကို တောင် ထိတယ် လို့  ဖွားဖွားရဲ့ အဘွား တွေ က ပြောပြတယ်။

မိုးကောင်း စော်ဘွားကြီး က လည်း မင်းသမီး လေး စောမွန်လှ ကို အသဲတုံ အူတုံ ချစ်ရှာ တော်မူတယ်။ လယ်ယာ စိုက်ပျိုးရေး နဲ့ ရိုးသားစွာ လုပ်ကိုင် စား သောက်ကြ တဲ့ ရှမ်းနယ်သူ နယ်သားများ ဟာ လည်း စောမွန်လှ လေး ကို သိပ်ချစ်ကြ တာ ပေါ့။ တနေ့ မှာ ပုဂံပြည် က အနော်ရထာ ဘုရင်ဟာ စစ်သည် မြောက်များ စွာနဲ့ ရှမ်းနယ်ကို ချီတက်လာကြတယ်။ ချပ်ဝတ် တံဆာ တွေ ၀တ်ဆင်ထား တဲ့ အလွန်များပြား တဲ့ ပုဂံစစ် သည် တွေ ကို တွေ့ တော့ ရှမ်းနယ်သူ နယ်သားတွေ ဟာ အလွန် စိုးရိမ် ထိတ်လန့် နေကြတယ်။ ပုဂံ စစ်သည်တော်တွေ ဟာ မျက်နှာ တည်တည်ကြီးတွေ နဲ့ ဒါးလှံ တွေ ကိုင် ထားပြီး ညိုမှောင် တဲ့အသား အရည်နဲ့မြင့်မား တဲ့ အရပ်ကြီး တွေ ဟာ ၆ ပေ နီးပါး လောက် ရှိကြ တယ်။ မိုးကောင်း စော်ဘွားကြီး ဟာ စိုးရိမ်ထိတ်လန့် နေကြ တဲ့ပြည် သူပြည်သား တွေ ကိုကြည့်ပြီး ကျောက်သံ ပတ္တမြားလောက် နဲ့ ကျေနပ် နှစ်သိမ့် မှာ မဟုတ် တဲ့ အနော်ရထာဘုရင် ကို သမီးတော် စောမွန်လှလေး ဆက် သလိုက် ရတယ်။ ဆက်ရန့့် 


Ndai laika hpe ndai blog kawna laika madu nchye ai sha la da ai re.

No comments:

Post a Comment