♥♥♥
တည်နေရာနှင့် အကျယ်အဝန်း
ကချင်ပြည်နယ်သည်၃၄၃၇၉စတုရန်းမိုင်ကျယ်ဝန်းသည်။လူနေကျဲပါးသောတောင်ပေါ်ဒေသဖြစ်သည်။ မြန်မာနိုင်ငံ၏မြောက်ပိုင်းတွင်တည်ရှိတည်ရှိပြီးမြန်မာနိုင်ငံတွင်အမြင့်ဆုံးတောင်ထိပ်များဖြစ်သည့်ခါကာဘိုရာဇီ၊ဂန်လန်ရာဇီတို့တည်ရှိသည်။စစ်ကိုင်းတိုင်း၊ရှမ်းပြည်နယ်နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ဖြင့် ဝန်းရံထားသည်။
လူမျိုး
ကချင်တိုင်းရင်းသားတို့သည်တိဘက်မြန်မာအုပ်စုဝင်များ ဖြစ်သည်။ ဂျိန်းဖော့၊ အဇီး(ဇိုင်းဝါး)၊ လရှီ(လာချစ်)၊ လီဆူ၊ရ၀မ်နှင့်မရူ(လောင်ဝေါ်)မျိုးနွယ် ၆ မျိုးကို စုပေါင်း၍ ကချင်ဟုခေါ်သည်။ ကချင်ပြည်နယ်တွင် ရှမ်းကြီး၊ ရှမ်းတရုတ်၊ရှမ်းမြန်မာ၊ဂဒူးစသောမျိုးနွယ်(၄)မျိုးပါဝင်သောရှမ်းများနှင့်ချင်း၊ပလောင်၊နာဂတို့ပါနေထိုင်ကြသည်။
ရာသီဥတု
တောင်ပေါ်ဒေသဖြစ်၍၊ ချမ်းအေးသော ရာသီဥတုရှိသည်။
မြို့တော်
အုပ်ချုပ်ရေး
ကျေးရွာ အကြီးအကဲ အဖြစ် ကချင်ဒူဝါတစ်ဦး ရှိသည်။ ၎င်း၏ အိမ်ခေါင်း၌ ကျွဲချိုကဲ့သို့သော သစ်ပြားဖြင့် ပြုလုပ်သည့်အိမ်ချိုတပ်ဆင်ထားသည်။ကျေးရွာအုပ်စုများနှင့်ဒူဝါနယ်မြေများကိုအုပ်ချုပ်ရန်ပြည်နယ်အ စိုးရ ကတောင်အုပ်များနှင့်တောင်တန်းဝန်ထောက်များကိုခန့်ထားပေးသည်။လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မီတီ များကိုပယခုအချိန်တွင်တွဲဘက်ပေးထားသည်။ထုံးစံအရရိုးရာဥပဒေများသာရှိသည်။ချိုးဖောက်ပါက၀ဋ်ကြွေး ပေးဆပ်ခြင်းပြုရသည်။`ဖဂါ´ခေါ်လက်ဆောင်အဖြစ်အဖိုးတန်ပစ္စည်းတစ်မျိုးမျိုးကိုကွမ်းဘိုးအဖြစ်ပေးရသည်။ `ဖဂါ´အဖြစ် ကျွဲ၊ မောင်း၊ ငွေ၊ ဖိုခနောက်၊ အ၀တ်အထည်၊ ဓါး၊ လှံ၊ သန္တာပုတီး၊ သေနတ် စသည်တို့ကို အသုံးပြုသည်။
ခရိုင်ရုံးစိုက်ရာမြို့များ
- မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့- မြို့နယ်(၆)မြို့နယ်
- ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ - မြို့နယ်(၄)မြို့နယ်
- ပူတာအိုခရိုင်၊ ပူတာအိုမြို့ - မြို့နယ်(၅)မြို့နယ်
- မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ - မြို့နယ်(၃)မြို့နယ်
အခြား မြို့ရွာများ
- အဒွန်လောင်
- အရိန္ဒမာ
- ဘီးလူး
- ဘွမ်းခါး
- ချေင်းဝ
- ချီဖွေ
- ဇွန်ဒမ်း
- ဒေါဖုံးယမ်
- ဂဝိုင်
- ဟောင်ပါး
- ခေါ်ဘူဒဲ
- ခေါက်ဆင့်
- ဟိုပင်
- ဖားကန့်
- ဖရုဂါး
- ဖိမော်
- ဖီဇော
- ထောဂေါ
- ထိန်နန်
- အင်ဂျန်းယန်
- အင်ဆွပ်ဇွမ်
- ကာမိုင်း
- ကန်ရိတ်တီ
- ကောင်းလူ
- ခေါင်လန်ဖူး
- ကဇူး
- လအောင်းဂါ
- လာခင်
- လောခေါင်
- လဝ
- လဇာ
- လွယ်ပေါ
- လုံးခင်
- လုံးတုံ
- လွယ်ဂျယ်
- မချမ်းဘော
- မန်ခရိန်
- မန်ကျီ
- မန်စီ
- မံသာ
- မဖွယ်
- မော်ဟန်
- မိုးကောင်းမြို့
- မိုးညှင်း
- မိုးမောက်
- မိုင်းခွန်း
- မြို့သစ်
- မြို့သစ်ကလေး
- နာလုံ
- နမ့်ခမ်း
- နမ္မာ
- နမ္မတီး
- နန်စီအောင်
- နောင်မွန်း
- ညောင်ပင်
- အုပ်ချီ
- ပန်းခမ်း
- ပွန်လွမ်ဘွမ်
- ရပ်ဘော
- ဆဒုံး
- ဆားမှော်
- ရှာဒမ်
- ရှာဒူဇွပ်
- ရှင်ဘွီယန်
- ရွှေကူ
- ဆမား
- ဆင်ဘို
- ဆင်ခန်း
- စိန်လုံကဘား
- စီသောင်
- စီအူ
- စမ်းပေါင်မတာ
- ဆွမ်ပရာဘွမ်
- တနိုင်း
- တာလောကြီး
- တရို
- တာဆိုင်း
- တောမှော်
- သပြေလှ
- သိန်လုံ
- ဆော့လော်(Saw Law)
- တွမ်တောင်
- ဝိုင်းမော်
- ဝါရှောင်
- ရွာသစ်
ကချင်ပြည်နယ်အတွင်းရှိ ကျောင်းသားသမဂ္ဂများ
မြစ်ကြီးနားကျောင်းသားသမဂ္ဂ
- မြန်မာနိုင်ငံတွင် အမြင့်ဆုံးဖြစ်သောခါကာဘိုရာဇီတောင်
- အင်းတော်ကြီးအိုင်နှင့် ရွှေမဉ္ဇူဘုရား
- ဧရာဝတီမြစ်ဖျားဒေသ
- ပူတာအိုမြို့
ဘာသာစကားမှာဂျိန်ဖော့စကား၊မရူစကား၊ ရ၀မ်စကား၊ လီဆူစကား ဟူ၍ စကားကြီး (၄)မျိုးရှိပြီး လရှီစကား နှင့် အဇီးစကားတို့မှာ မရူစကားမှ ခွဲထွက်လာသော စကားများ ဖြစ်သည်။ ဂျိန်ဖော့စကားကို လူသုံးများဆုံး ဖြစ်သည်။ မရူစကားမှာ ဒုတိယအများဆုံး ဖြစ်သည်။
ကချင်တိုင်းရင်းသားများက အမဲရောင်ဝတ်ပြီး ရ၀မ်တိုင်းရင်းသားများက အဖြူရောင် ၀တ်သည်။ လရှီ၊ လီဆူ နှင့် အဇီးတို့က ခေါင်းပေါင်းကို ထူထူထည်းထည်း ပေါင်းထုပ်သဘွယ် ပေါင်းကြ၍ ဂျိန်ဖော့နှင့် မရူတို့က ပါးပါးပေါင်းကြသည်။မြောက်ပိုင်းနေတိုင်းရင်းသားများကလုံကွင်းကိုတိုတိုဝတ်ကြ၍တောင်ပိုင်းနေတိုင်းရင်းသားများက လုံကွင်းကို ရှည်ရှည်ဝတ်ကြသည်။
ဗုဒ္ဓဘာသာကိုးကွယ်သူများ၊ ခရစ်ယာန်ဘာသာကိုးကွယ်သူများ၊ နတ်ကိုးကွယ်သူများဟူ၍ ရှိကြသည်။ ဘာသာကိုးကွယ်သူများသည်သက်ဆိုင်ရာဘာသာကိုလေးစားသမှုအထူးရှိကြသည်။ကချင်ပြည်နယ်တွင်နတ်ကိုးကွယ်သူ များပြားသည်။နတ်ကိုးကွယ်မှုမှာအဓိကဖြစ်သည်။နတ်များကြေနပ်မှုရစေရန်အရေးကြီးသဖြင့်ယဇ်ကောင်များဖြင့် နတ်များကိုပူဇော်ပသရသည်။ရွာအ၀င်တွင်ကျေးရွာဆိုင်ရာနတ်ကွန်းများ တွေ့နိုင်သည်။ နှစ်စဉ် နတ်ပူဇော်ပွဲ ကျင်းပချိန်တွင်သာမွမ်းမံလေ့ရှိသည်။အမြဲထိန်းသိမ်းထားလေ့ရှိသောနတ်ကွန်းမှာမြေနတ်၏နတ်ကွန်းဖြစ်သည်။ ယင်းနတ်ကွန်းကိုကျောက်တုံးများဖြင့်ဝိုင်းရံထားခြင်း၊ ၀င်းခတ်ထားခြင်းများ ပြုလုပ်လေ့ရှိသည်။ အိမ်များတွင် နတ်ကွန်းကိုအိမ်ရှေ့၌ထားပြီးနတ်စင်ကိုအိမ်ဦးခန်း၌ထားသည်။အချို့ကျေးရွာအိမ်များတွင်ရှေးယခင်ကတည်းက ပူဇော်ခဲ့သော ယဇ်ကောင်များ၏ ခေါင်းခွံများ ဆင့်ကဲ ချိတ်ဆွဲထားသည်ကို တွေ့ရပေမည်။
လူတစ်ဦးတစ်ယောက်၏ ကျန်းမာရေးသည် နတ်တို့နှင့် သက်ဆိုင်သည်ဟု ယုံကြည်သည်။ မကျန်းမာလျှင် နတ်ဟောဆရာထံမေးမြန်း၍သက်ဆိုင်ရာနတ်တို့အားပူဇော်ပသရသည်။ဆင်းရဲနွမ်းပါးသူများပင်လျှင်ကြွေးခံ ၍နတ်ကတော့ရသည်။နတ်ဆရာများသည်ဘာသာရေးတွင်သာကလူမှုရေးတွင်ပါအရေးပါသောပုဂ္ဂိုလ် များ ဖြစ်ကြသည်။အတိတ်နမိတ်ကောင်ခြင်း၊အဆောင်များထားခြင်းတို့ကိုပြုတတ်၍စုန်းများရှိပြီး ပြုစားတတ်သော အတတ်ပညာများရှိသည်ဟုယုံကြည်ကြသည်။မဒိုင်နတ်ခေါ်ကောင်းကင်နတ်ကိုမူတည်၍အကြောင်းအမျိုးမျိုး ကြောင့်`မနောပွဲ´ကျင်းပကြသည်။
အရေးကြီးသော မနောပွဲ(၅)မျိုး ရှိသည်။
- ပဒန်မနော(Padang MaNaw)
စစ်အောင်ချိန် အောင်ပွဲခံသည့်ပွဲ။
- ဆွတ်မနော(Sut MaNaw)
ဓနဥစ္စာ တိုးတက်ချိန်၌ မနာလို ၀န်တိုမှုများရှိ မရှိ၊ ပေးဆပ်ရန်ကြွေး ရှိ မရှိ၊ ရယူရန်ကြွေးရှိ မရှိ၊ စုံစမ်းရင်း ဆွေသစ်မျိုးသစ် မိတ်သင်္ဂဟသစ် ဖွဲ့သောပွဲ။
- ဂျူမနော(Ju MaNaw)
မကျန်းမာသည့်အခါနှင့်အသက်အရွယ်ကြီးရင့်သောအဖိုးအို၊အဖွားအိုများ သေဆုံးသောအခါ ကျင်းပသောပွဲ။
- ဂွမ်ရမ်မနော( Gumran MaNaw)
အိမ်သားဖြစ်သူညီအစ်ကိုတစ်ဦးဦး နယ်မြေသစ် တည်ထောင်နေထိုင်သော အချိန်တွင် မဒိုင်နတ်ကို ဝေချမ်း ပင့်ဆောင်ယူသော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။
- ရှဒပ်မနော(Shadip MaNaw)
နယ်မြေသစ်တည်ထောင်ပြီးမဒိုင်နတ်အားနေရာပြသောအထိမ်းအမှတ်၊နယ်မြေသစ်ရှိမကောင်းဆိုးဝါးများကို နှင်ထုတ်သော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။
မနောပွဲအပြင် အိမ်သစ်တက်ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ အသုဘပွဲ၊ နတ်ပူဇော်ပွဲ နှင့် ကောက်သစ်စားပွဲ စသော အခြားပွဲလမ်းများလည်း ရှိသေးသည်။
ဖားကန့်၊ လုံးခင်း၊ တောမှော်နှင့် ဟောင်ပါးဒေသတို့မှ အဖိုးတန် ကျောက်စိမ်းများ ထွက်ရှိသည်။
ndai laika hpe ndai blog madu nchye ai sha la tawn ai re http://wikimyanmar.co.cc ">ndai kaw dip u
No comments:
Post a Comment